DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းသတင်း

မုန်တိုင်းသတင်း

                                                                                                                  (၃၀.၇.၂၀၁၅)

မုန်တိုင်းအ‌ခြေအနေ

(က)    ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်

အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” (Komen)သည် အိန္ဒိယနိုင်ငံ၊

ကိုလ်းကတ္တားမြို့၏ အရှေ့တောင်ဘက် မိုင်(၁၅၀)ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏

အနောက်တောင်ဘက် မိုင်(၅၀)ခန့်၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်မြောက်ဘက်

(၁၀၅)မိုင်ခန့်နှင့် စစ်တွေမြို့ ၏ အနောက်မြောက်ဘက် (၁၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို

ဗဟိုပြုနေပါသည်။

(ခ)    ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ

တောင်ပိုင်းကမ်းခြေဒေသသို့ ဦးတည်နေသော်လည်း၊ မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်

မကွေးတိုင်းဒေသကြီးတို့သည် ဆိုင်ကလုန်းမုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နေပါသဖြင့်

ဆိုင်ကလုန်းမုန်တိုင်း သက်ရောက်မှု အန္တရာယ်ကို ခံစားရမည်ဖြစ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန်တွင်

မြောက်လတ္တီကျု (၂၂.ဝ)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.ဝ)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား

(၉၈၆)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၅၀)နှုန်းဖြစ်ပါသည်။

 
နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

(က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့မွန်းလွဲမှ နောက်(၁၂)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်

နိုင်ငံတောင်ပိုင်းကမ်း‌ခြေဒေသကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီး၊ အနောက်-အနောက်မြောက်ဘက်

သို့ ဆက်လက်ရွေ့လျားကာ တဖြည်းဖြည်းအားလျော့ သွားမည်ဟု ခန့်မှန်းရပါသည်။

 (ခ)    ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသသို့ ဖြတ်ကျော် စဉ်

မောင်တောခရိုင်ဒေသတွင်  အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၆၀)မှ မိုင်(၉၀)အထိနှင့်

စစ်တွေခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင် (၅၀)မှ မိုင်(၇၀)အထိတိုက်ခတ်နိုင်သည်

ဟု ခန့်မှန်းရပါသည်။

(ဂ)    မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက်

လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်း ကျစဉ်

ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင် ပါသည်။

(ဃ)    ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသသို့ ဖြတ်ကျော် စဉ်

မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ မောင်တောခရိုင် ကမ်းခြေဒေသတွင် (၈)ပေမှ (၁၀)ပေ ခန့်အထိနှင့်

စစ်တွေခရိုင်ကမ်းခြေဒေသတွင် (၆)ပေမှ (၈)ပေခန့်အထိ မြင့်တက်လာနိုင် ကြောင်းခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်
                 
(က)        အဆိုပါ  ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊

မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊

ချင်းင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊

လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့် မြေပြိုခြင်းများ ဖြစ်ပေါ်မည်ဖြစ်သည်။
(ခ)   စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်း ရွာပြီး၊

နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသည်။
 
အကြံပြုချက်

(က)  မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး  ငါးဖမ်းရေယာဉ်များ၊

သင်္ဘောများအနေဖြင့် အထူးရှောင်ရှားကြရန် အကြံပြုအပ် ပါသည်။