DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၇-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ပိုမိုအားကောင်းလာကာ၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် အားကောင်းသောလေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဂျက်ခမ်းပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။

မုန်တိုင်းသတိပေးချက် (၃၀.၇.၂၀၁၅)

မုန်တိုင်းသတိပေးချက်

မုန်တိုင်းအခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန်(၁၈း၀၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့

မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်း“ကိုမန်”(Komen)သည်ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း

ကမ်းခြေဒေသကိုစစ်တကောင်းမြို့အနီးမှဖြတ်ကျော်ဝင်ရောက်လျှက်ရှိပါသည်။

နောက်(၆)နာရီအတွင်းခန့်မှန်းချက်

(က) အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်ဖြတ်ကျော်နေစဉ်အတွင်းမောင်တောခရိုင်ဒေသတွင်အမြင့်ဆုံးလေ

တိုက်နှုန်းမှာတစ်နာရီလျှင်မိုင်(၅၀)မှမိုင်(၇၀)အထိနှင့်စစ်တွေခရိုင်ဒေသတွင်အမြင့်ဆုံးလေတိုက်နှုန်းမှာ

တစ်နာရီလျှင်မိုင်(၄၀)မှမိုင်(၆၀)အထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါသည်။

(ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်မကြာခဏမိုးသက်လေပြင်းများ

ကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၄၀)မှ

မိုင်(၅၀)အထိတိုက်ခတ်နိုင်ပါသည်။

(ဂ) ဆိုင်ကလုန်းမုန်တိုင်းသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသသို့ ဖြတ်ကျော်နေစဉ်အတွင်း

မုန်တိုင်းဒီရေအမြင့်ဆုံးမှာမောင်တောခရိုင်ကမ်းခြေဒေသတွင်(၅)ပေမှ(၇)ပေခန့်အထိနှင့်စစ်တွေခရိုင်

ကမ်းခြေဒေသတွင်(၃)ပေမှ(၅)ပေခန့်အထိမြင့်တက်လာနိုင်ကြောင်းခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

အဆိုပါဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့်စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊

ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်

နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ဒေသအလိုက်မိုးကြီးခြင်း၊လေပြင်းတိုက်ခတ်ခြင်း၊ရုတ်တရက်ရေကြီးခြင်း

နှင့်မြေပြိုခြင်းများဖြစ်ပေါ်မည်ဖြစ်သည်။

(ခ) စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ကရင်

ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊နေရာကွက်၍မိုးကြီးခြင်း၊လေပြင်းတိုက်

ခတ်ခြင်း၊ရုတ်တရက်ရေကြီးခြင်းနှင့်မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသည်။

အကြံပြုချက်

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘော

များအနေဖြင့်အထူးရှောင်ရှားကြရန်အကြံပြုအပ်ပါသည်။