DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၅-၅-၂၀၂၄ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၁၀/၂၀၂၂)

မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၁၀/၂၀၂၂)

 (၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ  ၂၅ ရက်နေ့မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

 (­­­က)   မုန်တိုင်းငယ်အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ် (Depression)သည် အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး၊သီရိလင်္ကာနိုင်ငံကိုထရီကိုမာလီမြို့(Trincomalee)အနီးမှ ဖြတ်ကျော်လျက်ရှိပါသည်။

(၂)      မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

 (ခ)     နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

အဆိုပါမုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ကိုမိုရင်းဧရိယာနှင့် အနီးတစ်ဝိုက်သို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။

    (ဂ)  သတိပေးနှိုးဆော်ချက် 

အဆိုပါမုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် ယနေ့မွန်းလွဲမှ နောက်(၂၄)နာရီအတွင်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျားမိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။