DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄/၂၀၂၀)

အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၅/၂၀၂၀) 

 

             ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့ မြန်မာစံတော်ချိန် (၁၂:၀၀)နာရီအချိန်

 အားကောင်းသောမုန်တိုင်းငယ် 

 

(က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အနောက်ဘက်သို့ ရွေ့လျား ခဲ့ပြီး၊ အားကောင်းသောမုန်တိုင်းငယ် (Deep Depression)အဖြစ်သို့ ရောက်ရှိ ခဲ့ကာ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ(Trincomalee)မြို့၏ အရှေ့-အရှေ့တောင် ဘက် ရေမိုင်(၂၉၀) မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကန်ညာကူမာရီ(Kanyakumari) မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၅၀၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

           

(၂)      အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

                   အဆိုပါ အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် မြန်မာ စံတော်ချိန် (၁၁:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၇.၈)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၈၆.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ် နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်း ဖြစ်ပါသည်။

(ဂ) နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

                   အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် နောက်(၂၄) နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ရေွ့လျားကာ ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။