DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၄-၇-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းရိုးတန်းတို့၌‌ လေဖိအားနည်း ရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ်နေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့် အတင့်မှ အားကောင်းနေပါသည်။

 

မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၃၄/၂၀၂၀)

မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၃၄/၂၀၂၀)

 (၂၀၂၀ ပြည့်နှစ်၊ မေလ  ၂၁  ရက်)        

 (မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

မုန်တိုင်းငယ် (Depression) အခြေအနေ

၁။         (က)     ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များ

အရ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ဘိုဂူရမြို့ (Bogura) အနီးမှ ဖြတ်ကျော်ခဲ့သော ဆိုင်ကလုန်း

မုန်တိုင်း (Cyclonic Storm)   အမ်ဖန် (AMPHAN)သည် မြောက်-အရှေ့မြောက်ဘက်

သို့ ရွေ့လျားခဲ့ပြီး၊ မုန်တိုင်းငယ် (Depression)အဖြစ်သို့ အားလျော့သွားခဲ့ပါသည်။

အဆိုပါမုန်တိုင်းငယ် (Depression) သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့

လျားပြီး၊ ယနေ့ညနေပိုင်းတွင် တစ်ဖြည်းဖြည်း အားပျော့ပျက်ပြယ်သွားမည်ဟု

ခန့်မှန်းရပါသည်။ 

 

            (ခ)       ယခုသတင်းသည် စူပါဆိုင်ကလုန်းမုန်တိုင်း(Super Cyclonic

Storm)အမ်ဖန်(AMPHAN) အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း

ဖြစ်ပါသည်။