DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃-၅-၂၀၂၄  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းငယ်သတိပေးချက်အမှတ်စဉ်(၀၅/၂၀၂၁)

မုန်တိုင်းငယ်သတိပေးချက်အမှတ်စဉ်(၀၅/၂၀၂၁)

(၂၀၂၁ ခုနှစ်၊ ဧပြီလ(၃)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(က)    မုန်တိုင်းငယ်အခြေအနေ

                                    (၁)     ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် သိသိသာသာ အားကောင်းလာခြင်းမရှိဘဲ မြောက်-အရှေ့မြောက်ဘက်သို့  ဖြည်းညင်းစွာ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ မြိတ်မြို့(Myeik)၏ အနောက်ဘက် ရေမိုင်(၁၀၅)မိုင်ခန့်၊ ထားဝယ်မြို့(Dawei)၏ အနောက်တောင်ဘက် ရေမိုင် (၁၂၅)မိုင်ခန့်၊ ကိုကိုးကျွန်းမြို့(Coco Island)၏ ရှေ့တောင်ဘက် ရေမိုင်(၂၀)မိုင်ခန့်နှင့် ရန်ကုန်မြို့(Yangon)၏  တောင်-အရှေ့တောင်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 

                                           (၂)         မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံမုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းအနီးတွင် တည်ရှိနေပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။

 

(ခ)     မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

                 အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁.၄)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၆.၉)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား(၁၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်(၃၅) မိုင်နှုန်းဖြစ်ပါသည်။

 

 (ဂ)     နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

 

                    အဆိုပါ မုန်တိုင်းငယ်(Depression)သည် နောက်(၁၂)နာရီအတွင်း မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းအနီးတွင် ဆက်လက်တည်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

                                                                                                                       

(ဃ)     သတိပေးနှိုးဆော်ချက်

အဆိုပါ မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် (၃.၄.၂၀၂၁)ရက်နေ့မှ (၇..၂၀၂၁)ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့်နေပြည်တော်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲမိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ် နိုင် ကာ၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်

 

ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၂) ပေခန့် ရှိနိုင်ပါသည်။

 

(င)     အကြံပြုချက်

အဆိုပါ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါသည်။