DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၂၄-၄-၂၀၂၆: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်  ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၂/၂၀၂၂)

မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၂/၂၀၂၂)

(၂၀၂၂ ခုနှစ်၊ မေ  ၂၀  ရက်နေ့ မြန်မာစံတော်ချိန်(၁၆:၃၀)နာရီအချိန်ထုတ်ပြန်ချက်

 

(က)    ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၁၅:၃)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်း(မုတ္တမကမ်းလွန်အနီး)တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ဖြတ် ကျော်ဝင်ရောက်လျက်ရှိပြီး၊ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression) အဖြစ် ဆက်လက်တည်ရှိနေပါသည်။

(၂)      ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏ လက်ရှိအခြေအနေမှာ မြန်မာ နိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်လျက်ရှိ သည့် အခြေအနေဖြစ်ပါသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။

 (ခ)   နောက်(၆)နာရီအတွင်းခန့်မှန်းချက်

 အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည် နောက်(၆)နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ကရင်ပြည်နယ်၊ ဘားအံမြို့ အနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဂ)  သတိပေးနှိုးဆော်ချက် 

          အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)အရှိန်ကြောင့် ယနေ့ညနေ မှ (၂၁.၅.၂၀၂၂)ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီး ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါသည်။ မိုး သက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက် ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၄)ပေခန့် ရှိနိုင်ပါ သည်။

 (ဃ)   အကြံပြုချက်

သို့ဖြစ်ပါ၍ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်းနှင့်အတူ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။