DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၈-၀၃-၂၀၂၄):ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

မုန်တိုင်းငယ်အခြေအနေ

မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၁/၂၀၁၉)

 (၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့

မြန်မာစံတော်ချိန်(၁၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

မုန်တိုင်းငယ်အခြေအနေ

 "ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ လက်ရှပ်ဝိ၊

မော်လ်ဒိုက်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကိုမိုရင်းဧရိယာ(Comorin area)

တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်း

ငယ်(Depression)တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မော်လ်ဒိုက်-ကိုမိုရင်းဧရိယာတွင်

ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မော်လ်ဒိုက်နိုင်ငံ၊ မာလီ

မြို့(Male)၏ အရှေ့မြောက်ဘက် မိုင်(၂၁၀)ခန့်နှင့် မီနီကွိုင်(Minicoy) (လက်ရှပ်ဝိ-

Lakshadweep)ကွျန်း၏ အရှေ့-အရှေ့တောင်ဘက် မိုင်(၂၁၀)ခန့်အကွာ ပင်လယ်ပြင်

ကို ဗဟိုပြုနေပါ သည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျား

ကာ လက်ရှပ်ဝိကွျန်းကို ဖြတ်ကျော်ပြီးနောက် အာရေဗျပင်လယ်သို့ ရောက်ရှိသွား

မည်ဟု ခန့်မှန်းရပါသည်။"

ယခုသတင်းသည် မုန်တိုင်းငယ်အတွက် နောက်ဆုံးထုတ်ပြန်ပေးသည့်သတင်း ဖြစ်

ပါသည်။