DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၄-၇-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။

 

မြစ်ရေကြီးခြင်းသတိပေးချက်

မြစ်ရေကြီးခြင်းသတိပေးချက်

 (၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်၊ (၁၅:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

          ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။        

       သို့ဖြစ်ပါ၍ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။