DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၃-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ် ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မြစ်ရေကြီးမှုအခြေနေသတင်း

မြစ်ရေကြီးမှုအခြေအနေသတင်း

 (၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၆) ရက်၊ (၁၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ

   ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

   ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် လက်ရှိရေမှတ်မှ နောက်(၃)ရက်အတွင်း (၂)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ

   ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၄)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၁)ပေခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

အကြံပြုချက်

   သို့ဖြစ်ပါ၍ ညောင်ဦးမြို့နယ်၊ ဘားအံမြို့နယ်နှင့် ဆိပ်သာမြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။