မြစ်ရေကြီးမှုအခြေအနေသတင်း
(၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၃၀) ရက်၊(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် (၂)ပေခန့်ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ် ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် (၁)ပေခန့်ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
ငဝန်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန်တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် (၁)လက်မခန့်ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၃)လက်မခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ ဆိပ်သာမြို့နှင့် ငါးသိုင်းချောင်းမြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါ သည်။
- Flood Bulletin graph for Seiktha
- Flood Bulletin graph for Hinthada
- Flood Bulletin graph for Zalun
- Flood Bulletin graph for Ngathaingchaung