DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၃-၁၁-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးနာဒူးလ်မြောက်ပိုင်းကမ်းလွန်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အင်ဒရာပရာဒေ့ရှ်တောင်ပိုင်း ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေ ပါသည်။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူ ထပ်နေပါသည်။

 

မြစ်ရေကြီးမှုအခြေနေသတင်း

မြစ်ရေကြီးမှုအခြေအနေသတင်း

 (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်၊ (၀၈:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

ဧရာဝတီမြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ

   ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်  နောက်()ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။

  ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်  နောက်()ရက်အတွင်း ယင်းမြို့၏  စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။

 ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၈)လက်မခန့် ကျော် လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်  နောက်()ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။

ငဝန်မြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ

  ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်သို့ (၁)လက်မခန့် ကျော်လွန် ရောက်ရှိနေပါသည်။အဆိုပါမြစ်ရေသည်  နောက်()ရက်အတွင်း ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

အကြံပြုချက်

  သို့ဖြစ်ပါ၍ ဆိပ်သာမြို့၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်နှင့် ငါးသိုင်းချောင်းမြို့များတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။