DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၉-၂၀၂၄: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့် အတင့် ရှိနေပါသည်။

မြစ်ရေကြီးမှုအခြေအနေသတင်:

မြစ်ရေကြီးမှုအခြေအနေသတင်း

 (၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၅)ရက်၊ (၁၀:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ

      ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၃)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂) ရက်အတွင်း (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်​အထက် ဆက်လက် တည်ရှိနိုင်ပါသည်။

ရွှေကျင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ

      ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ ​ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့ တွင် (၂)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂) ရက်အတွင်း (၂)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်​အထက် ဆက်လက် တည်ရှိနိုင်ပါသည်။

အကြံပြုချက်

        သို့ဖြစ်ပါ၍ မဒေါက်မြို့နှင့် ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။