DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃-၁၂-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း၊ ပူဒူချယ်ရီ နှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့ကို ပူဒူချယ်ရီမြို့အနီးမှ ဖြတ်ကျော်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပြီး အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ် အားလျော့သွားခဲ့ပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးပြည်နယ် ကုန်းတွင်းပိုင်းဒေသ များကို ဆက်လက်ဖြတ်ကျော်နိုင်ကာ နောက် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါသည်။ 

မြစ်ရေကြီးမှုအခြေအနေသတင်:

မြစ်ရေကြီးမှုအခြေအနေသတင်း

 (၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၆)ရက်၊ (၁၅:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ

      ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် (၄)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂) ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်​အထက် ဆက်လက် တည်ရှိနိုင်ပါသည်။

ရွှေကျင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ

      ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ​ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့ တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂) ရက်အတွင်း (၃)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်​အထက် ဆက်လက် တည်ရှိနိုင်ပါသည်။

သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ

       ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက် အတွင်း (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်​အထက် ဆက်လက်တည်ရှိ နိုင်ပါသည်။

အကြံပြုချက်

     သို့ဖြစ်ပါ၍ မဒေါက်မြို့၊ ရွှေကျင်မြို့နယ်နှင့် ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

Burmese