DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၄း၃၀ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄) နာရီ၊ (၁၃)မိနစ်၊ (၂၈)စက္ကန့် အချိန်တွင် တောင်ကြီးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တောင်ကြီးမြို့၏ အနောက်မြောက်ဘက် (၃) မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် (၂၀.၈၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၉၉) ဒီဂရီ၊ အနက် (၁၂) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။