DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၃-၁၀-၂၀၂၅:  ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေ ပါသည်။

 

မြေငလျင်သတင်း

မြေငလျင်သတင်း

 

(မြန်မာစံတော်ချိန် ၀၇:၁၅ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆) နာရီ၊ (၅၆)မိနစ်၊ (၀၃)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၁၁၉) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ခန္တီးမြို့၏ အနောက်တောင်ဘက် မိုင်(၃၀) ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၆၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၃၆)ဒီဂရီ၊ အနက် (၈၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။