ရေနည်းမည့်သတိပေးချက်
(၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ၁၄:၀၀ နာရီအချိန်ထုတ်ပြန်ချက်)
ဧရာဝတီမြစ်ရေသည့် ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်ကိုင်းမြို့တွင် ၁၈၂စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၃ ရက်အတွင်း ယင်းမြို့၏ ရေနည်းသတိပေးမှတ် ၁၇၀ စင်တီမီတာအောက်သို့ ရောက်ရှိနိုင်ပါသည်။

