ရေနည်းမည့်အခြေအနေသတင်း
(၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ ၁၄:၀၀ နာရီ အချိန်ထုတ်ပြန်ချက်)
ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ မန္တလေးမြို့တွင် ၂၁၉ စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၅ ရအတွင်း လက်ရှိ ရေမှတ်အထက် ၄ ပေခန့် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့၏ ရေနည်းသတိပေးမှတ် ၃၆၀ စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။
ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်ကိုင်းမြို့တွင် ၁၄၇ စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၅ ရက်အတွင်း လက်ရှိရေမှတ်အထက် ၄ ပေခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် ၁၇၀ စင်တီမီတာအထက်သို့ ပြန်လည်ရောက်ရှိနိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ မုံရွာမြို့တွင် ၇၇ စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၅ ရက်အတွင်း လက်ရှိရေမှတ်အထက် ၂ လက်မခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် ၁၀၀ စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

