DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၃၁-၃-၂၀၂၆: ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ရေနည်းမည့်အခြေအနေသတင်း

ရေနည်းမည့်အခြေအနေသတင်း

(၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ ၁၄:၀၀ နာရီ အချိန်ထုတ်ပြန်ချက်)

ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ မန္တလေးမြို့ တွင် ၃၁၀ စင်တီမီတာသို့ ရောက်ရှိနေပါသည်။ ဆိုပါမြစ်ရေသည် ၂၀၂၆ ခုနှစ်၊ မတ်လ တတိယ (၁၀) ရက်ပတ်အတွင်း လက်ရှိရေမှတ်အထက် ၁ ပေခွဲခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် ၃၆၀ စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ မုံရွာမြို့ တွင် ၈၃ စင်တီမီတာသို့ ရောက်ရှိနေပါသည်။ ဆိုပါမြစ်ရေသည် ၂၀၂၆ ခုနှစ်၊ မတ်လ တတိယ (၁၀) ရက်ပတ်အတွင်း လက်ရှိရေမှတ်အထက်  ပေဝက်ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် ၁၀၀ စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

Burmese