DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃-၉-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။  အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကို ဖြတ်ကျော် နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

 

ရေနည်းမည့် အခြေအနေသတင်း

ရေနည်းမည့် အခြေအနေသတင်း

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၀) ရက်၊ (၁၃:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

၁။     ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ မန္တလေးမြို့တွင် (၃၀၂) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လာမည့် ဖေဖော်ဝါရီလကုန်အထိ ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၃၆၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိ နိုင်ပါသည်။

၂။      ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မကွေးမြို့တွင် (၃၉၉) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လာမည့် ဖေဖော်ဝါရီလကုန်အထိ ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၄၁၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိ နိုင်ပါသည်။