DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ရေနည်းမည့် အခြေအနေသတင်း

ရေနည်းမည့် အခြေအနေသတင်း

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၉) ရက်၊ (၁၃:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

      ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မန္တလေး မြို့တွင် (၃၀၇) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် မတ်လ ပထမ(၁၀) ရက်ပတ် အတွင်း လက်ရှိရေမှတ်အထက်  ပေဝက်ခန့် မြင့်တက်နိုင်သော်လည်း ယင်းမြို့၏ ရေနည်းသတိပေး မှတ်(၃၆၀) စင်တီမီတာ အောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

       ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မင်းဘူး မြို့တွင် (၄၀၅) စင်တီမီတာသို့ ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် မတ်လ ပထမ(၁၀) ရက်ပတ် အတွင်း ယင်းမြို့၏ ရေနည်းသတိပေးမှတ်(၄၁၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင် ပါသည်။

      ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မကွေးမြို့ တွင် (၃၉၇) စင်တီမီတာသို့ ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် မတ်လ ပထမ(၁၀) ရက်ပတ် အတွင်း ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၄၁၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။