DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၈-၅-၂၀၂၄   ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ရေနည်းမည့် အခြေအနေသတင်း

ရေနည်းမည့် အခြေအနေသတင်း

(၂၀၂၁ ခုနှစ်၊ မတ်လ (၁၀) ရက်၊ (၁၃:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

 

၁။      ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ မန္တလေးမြို့တွင် (၂၇)စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် ၂၀၂၁ ခုနှစ်၊ မတ်လ ဒုတိယ (၁၀) ရက်ပတ်အတွင်း လက်ရှိရေမှတ်အထက် ပေဝက်ခန့်မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၃၆၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

 ၂။       ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ မင်းဘူးမြို့တွင် (၃၉၄)စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် ၂၀၂၁ ခုနှစ်၊ မတ်လ ဒုတိယ (၁၀) ရက်ပတ်အတွင်း လက်ရှိရေမှတ်အောက် ပေဝက်ခန့်ကျဆင်းနိုင်ပြီး ယင်းမြို့၏ ရေနည်း သတိပေးမှတ် (၄၁၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။  

၃။         ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ မကွေးမြို့ တွင် (၃၇၇)စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် ၂၀၂၁ ခုနှစ်၊ မတ်လ ဒုတိယ(၁၀) ရက်ပတ်အတွင်း လက်ရှိရေမှတ်အောက် ပေဝက်ခန့်ကျဆင်းနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၄၁၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။