DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့ တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ရေနည်းမည့် အခြေအနေသတင်း

ရေနည်းမည့် အခြေအနေသတင်း

(၂၀၂၁ ခုနှစ်၊ မေလ (၁၀) ရက်၊ (၁၃:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

၁။   ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ မန္တလေးမြို့တွင် (၂၅၇) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် ၂၀၂၁ ခုနှစ်၊ မေ ဒုတိယ(၁၀) ရက်ပတ်အတွင်း လက်ရှိရေမှတ်အထက် (၂)ပေခန့် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၃၆၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

၂။   ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ မင်းဘူးမြို့တွင် (၄၀၉) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် ၂၀၂၁ ခုနှစ်၊ မေဒုတိယ (၁၀) ရက်ပတ်အတွင်း လက်ရှိရေမှတ်အထက် (၁)ပေခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၄၁၀) စင်တီမီတာအထက်သို့ ပြန်လည်ရောက်ရှိနိုင်ပါသည်။

၃။   ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ မကွေးမြို့တွင် (၃၉၂) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် ၂၀၂၁ ခုနှစ်၊ မေဒုတိယ(၁၀) ရက်ပတ်အတွင်း လက်ရှိရေမှတ်အထက် (၁)ပေခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၄၁၀) စင်တီမီတာအထက်သို့ ပြန်လည်ရောက်ရှိနိုင်ပါသည်။

၄။   ချင်းတွင်းမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ မုံရွာမြို့တွင် (၆၈) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ ဆိုပါမြစ်ရေသည် ၂၀၂၁ ခုနှစ်၊ မေ ဒုတိယ(၁၀) ရက်ပတ်အတွင်း လက်ရှိရေမှတ်အထက် (၁)ပေခန့် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့၏ ရေနည်း သတိပေးမှတ် (၁၀၀) စင်တီမီတာအောက်တွင် ဆက်လက် တည်ရှိနိုင်ပါသည်။