DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၀-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

လစဉ်မိုးလေဝသခန့်မှန်းချက် (၁.၆.၂၀၁၄)

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်

(၂၈.၈.၂၀၁၅)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ   
    
အနောက်တောင်မုတ်သုံလေသည် ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ (၁၁ - ၁၆)ရက်အတွင်း

မြန်မာနိုင်ငံမြောက်ပိုင်း‌ဒေသများမှလည်းကောင်း၊ စက်တင်ဘာလ (၁၇ - ၂၂)ရက်အတွင်း

မြန်မာနိုင်ငံအလယ် ပိုင်းဒေသများမှလည်းကောင်း၊ စက်တင်ဘာလ (၂၃ - ၂၇) ရက်အတွင်း

မြစ်ဝကျွန်းပေါ်ဒေသများမှလည်း ကောင်း၊ စက်တင်ဘာလ (၂၈) ရက်နေ့မှ

အောက်တိုဘာလ(၃)ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှလည်းကောင်း

ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။            
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၃)ကြိမ်ဖြစ်ပေါ်နိုင်ပြီး (၂)ကြိမ်တွင်

ပိုမိုအားကောင်းလာကာမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်

ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်ရှိနိုင်ပါသည်။

မိုးအခြေအနေနှင့် မိုးရွာရက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုပြီး၊

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင်

ရွာသွန်းမြဲအောက်လျော့ ကာ၊  ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်  ရွာသွန်းမြဲခန့် ရွာနိုင်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်

ကယားပြည်နယ်တို့တွင် (၄)ရက်မှ (၈)ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် (၁၅)ရက်မှ

(၂၂) ရက်ခန့် ရွာသွန်းနိုင်ပါသည်။