DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၂၀-၂-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီ အတွင်း သီရိလင်္ကာနိုင်ငံသို့ ဦးတည်ရွေ့လျားနိုင်မည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပါသည်။

လပတ်ဇလဗေဒခန့်မှန်းချက်

၂၀၁၅ ခုနှစ်၊ဧပြီလ အတွက်ခန့်မှန်းချက်

(၂၈-၃-၂၀၁၅ ရက်နေ့ထုတ်ပြန်သည်)

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင်(၃)ပေမှ (၅)ပေခန့်၊ မန္တလေးမြို့၊့ စစ်ကိုင်းမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင်(၁)ပေခွဲမှ (၂)ပေခွဲခန့်နှင့် ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊အောင်လံမြို့၊ ပြည်မြို့၊  ဆိပ်သာမြို့၊ဟင်္သာတမြို့နှင့် ဇလွန်မြို့  တို့တွင်(၁)ပေမှ (၁)ပေခွဲခန့် လက်ရှိရေမှတ်များ၏ အထက် မြင့်တက်လာနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင်(၁)ပေမှ(၂)ပေခန့် မော်လိုက်မြို့၊ ကလေးဝမြို့ နှင့် မုံရွာမြို့တို့တွင် ပေဝက်မှ(၁)ပေခန့် လက်ရှိရေမှတ်များ‌၏ အထက် မြင့်တက်လာနိုင်ပါသည်။