DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၉-၂-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း သီရိလင်္ကာနိုင်ငံသို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပါသည်။

လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၇ ခုနှစ်၊ ဇွန်လ၊ လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

(၂၈-၅-၂၀၁၇ ရက်နေ့ ထုတ်ပြန်သည်)

       ၂၀၁၇ ခုနှစ် ဇွန်လအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့ တို့တွင် ၁၃-ပေမှ ၁၅-ပေခန့် ၊သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၁၀-ပေမှ ၁၂-ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၇-ပေမှ ၉-ပေခန့် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်းရေမှတ် အသီးသီးသို့ ရောက်နိင်ဘွယ်ရာ မရှိပါ။

   ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့်  ဖောင်းပြင်မြို့   တို့တွင် ၁၄-ပေမှ ၁၆-ပေခန့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၉-ပေမှ ၁၃-ပေခန့် မြင့်တက်လာနိုင် သော်လည်း ယင်းမြို့များ၏ စိုးရိမ်းရေမှတ် အသီးသီးသို့ ရောက်နိင်ဘွယ်ရာ မရှိပါ။

     ဒုဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၂-ပေခန့်နှင့် ရွှေစာရံမြို့နှင့် မြစ်ငယ်မြို့တို့တွင် ၆-ပေမှ ၉-ပေခန့်၊ မြစ်သာမြစ်ရေသည် ပြင်သာမြို့တွင် ၈-ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ၅-ပေမှ ၇-ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၄-ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့်ပဲခူးမြို့တို့တွင်  ၆-ပေမှ ၉-ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၉-ပေခန့်နှင့် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ၉-ပေခန့်နှင့် ပုသိမ်မြို့တွင် ၃-ပေခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့တွင် ၁၀-ပေခန့်နှင့် ကျောက်တော်မြို့တို့တွင် ၆-ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ၈-ပေခန့်နှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင် ၄-ပေခန့် မြင့်တက်လာနိုင် သော်လည်း ယင်းမြို့များ၏ စိုးရိမ်းရေမှတ် အသီးသီးသို့ ရောက်နိင်ဘွယ်ရာ မရှိပါ။