DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၉-၂-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း သီရိလင်္ကာနိုင်ငံသို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပါသည်။

လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၇ ခုနှစ်၊ မေလ၊ လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

(၂၈-၄-၂၀၁၇ ရက်နေ့ ထုတ်ပြန်သည်)

     ၂၀၁၇ခုနှစ် မေလအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၈-‌ပေမှ ၁၀-ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့ တို့တွင် ၅-‌ပေမှ ၇-ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၃-ပေမှ ၅-ပေခန့်လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်သော်လည်း  ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိပါ။

    ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၆-ပေမှ ၈-ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၄-ပေမှ ၅-ပေခန့် လက်ရှိ ရေမှတ်များ၏ အထက်မြင့်တက်လာနိုင်သော်လည်း  ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး သို့ ရောက်နိုင်ဖွယ်မရှိပါ။

     သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၄-ပေမှ ၆-ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူ မြို့နှင့်    မဒေါက်မြို့တို့တွင် ၂-ပေမှ ၄-ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၂ပေ မှ၃ပေ ခန့်နှင့် ရွှေစာရံမြို့နှင့် မြစ်ငယ်မြို့တို့တွင် ၄-ပေမှ ၆-ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့ တွင် ၁-ပေမှ ၂-ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၄-ပေမှ ၆-ပေခန့်နှင့် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ၂-ပေမှ ၄-ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့ တွင် ၂-ပေမှ ၃-ပေခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့တွင် ၃-ပေမှ၅-ပေခန့်နှင့် ကျောက်တော်မြို့တွင် ၂-ပေမှ ၃-ပေခန့် နှင့် လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ၂-ပေမှ ၃-ပေခန့်  လက်ရှိရေမှတ်များ၏အထက် မြင့်တက်လာနိုင်သော်လည်း  ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးသို့ရောက်နိုင်ဖွယ်မရှိပါ။