DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၈-၀၃-၂၀၂၄):ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၊ လပတ် မြစ်ရေအခြေအနေခန့်မှန်းချက်
(၂၈.၁၀.၂၀၁၈ ရက်နေ့ထုတ်ပြန်သည်)
 
         ၂၀၁၈ ခုနှစ်၊နိုဝင်ဘာလအတွင်း ဧရာဝတီမြစ်ရေသည်မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် ၂-ပေ မှ ၃ပေခန့်၊သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့်  မြင်းမူမြို့တို့တွင် ၃-ပေ မှ ၅ပေခန့်၊ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၅-ပေ မှ ၇ပေခန့်လက်ရှိရေမှတ်များအောက်ကျဆင်းလာနိုင်ပါသည်။ 
         ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၂-ပေမှ ၃-ပေခန့်နှင့်မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင်  ၃-ပေ မှ ၆-ပေခန့် လက်ရှိရေမှတ်များအောက်ကျဆင်းလာနိုင်ပါသည်။