ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၆-ပေမှ ၈-ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၄-ပေမှ ၆-ပေခန့် လက်ရှိ ရေမှတ်များ၏အထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိပါ။
မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၄-ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံမြို့နှင့် မြစ်ငယ်မြို့တို့တွင် ၃-ပေမှ ၅-ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ၂-ပေမှ ၄-ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၂-ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့ တို့တွင် ၃-ပေမှ ၅-ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၄-ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်း ချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ၂-ပေမှ ၄-ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၃-ပေခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့် ကျောက်တော်မြို့တို့တွင် ၃-ပေမှ ၅-ပေခန့်၊ လေးမြို့ မြစ်ရေသည် မြောက်ဦးမြို့တွင် ၃-ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၃-ပေခန့် လက်ရှိ ရေမှတ်များ၏အထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက် နိုင်ဖွယ်မရှိပါ။

