DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၉-၀၃-၂၀၂၄):ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၉ ခုနှစ်၊ ဇွန်လအတွက် မြစ်ရေအခြေအနေခန့်မှန်းချက်

(၂၈-၅-၂၀၁၉ ရက်နေ့ ထုတ်ပြန်သည်)

 

       ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် (၁၂)ပေမှ (၁၆)ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် (၈)ပေမှ (၁၂)ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၆)ပေမှ (၈)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိပါ။

      ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် (၁၃)ပေမှ (၁၈)ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၈)ပေမှ (၁၃)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိပါ။

       မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၆)ပေမှ (၈)ပေခန့်၊ ဒုဌဝတီမြစ်ရေသည် သီပေါမြို့တွင် (၂)ပေမှ (၄)ပေခန့်၊ ရွှေစာရံမြို့နှင့် မြစ်ငယ်မြို့တို့တွင် (၆)ပေမှ (၁၀)ပေခန့်၊ စစ်တောင်း မြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် (၄)ပေမှ (၈)ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် (၆)ပေမှ (၁၀)ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၈)ပေမှ (၁၁) ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၃)ပေမှ (၄)ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် (၁၀)ပေမှ (၁၂)ပေခန့်၊ သာပေါင်းမြို့တွင် (၆)ပေမှ (၈)ပေခန့်၊ ပုသိမ်မြို့တွင် (၂)ပေမှ (၃) ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၃)ပေမှ (၄)ပေခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့တွင် (၁၀)ပေမှ (၁၄)ပေခန့်နှင့် ကျောက်တော်မြို့တွင် (၆)ပေမှ (၈)ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် (၇)ပေမှ (၁၀)ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၇)ပေမှ (၁၀)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိပါ။