DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၂၀ ပြည့်နှစ်၊ မေလအတွက် မြစ်ရေအခြေအနေခန့်မှန်းချက်

(၂၈.၄.၂၀၂၀ ရက်နေ့ထုတ်ပြန်သည်)

          ၂၀၂၀ ပြည့်နှစ် မေလအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၆-ပေမှ ၈-ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၄-ပေမှ ၆-ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာ နိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိပါ။

          ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၆-ပေမှ ၈-ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၄-ပေမှ ၆-ပေခန့် လက်ရှိရေမှတ် များ၏အထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိပါ။

          မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၂-ပေမှ ၄-ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံမြို့နှင့် မြစ်ငယ်မြို့တို့တွင် ၃-ပေမှ ၅-ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ၂-ပေမှ ၄-ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၁-ပေမှ ၂-ပေခန့်၊ ပဲခူးမြစ်ရေ သည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၃-ပေမှ ၅-ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၂-ပေမှ ၄-ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၁-ပေမှ ၃-ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် -ပေမှ -ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၁-ပေမှ ၃-ပေခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့်​ ကျောက်တော်မြို့တို့တွင် ၂-ပေမှ ၄-ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ၁-ပေမှ ၃-ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၃-ပေမှ ၅-ပေခန့် လက်ရှိရေမှတ်များ၏ အထက်မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိပါ။