DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၈-၀၃-၂၀၂၄):ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်  ဖြစ်ထွန်းနေပါသည်။

 

 

လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၂၁ ခုနှစ်၊ မတ်လ လပတ် မြစ်ရေအခြေအနေခန့်မှန်းချက်

(၂၈--၂၀၂၁ ရက်နေ့ ထုတ်ပြန်သည်)

၂၀၂၁ ခုနှစ်၊ မတ်လအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊  ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် (၂)ပေမှ (၃)ပေခွဲခန့်နှင့်  မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ပေဝက်မှ (၂)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင် ပြီး၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန် မြို့တို့တွင် ပေဝက်မှ ()ပေခန့် လက်ရှိရေမှတ်များအောက်   ကျဆင်းလာနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်မှ (၁)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာ နိုင်ပါသည်။

 မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ပေဝက်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ပေဝက်ခန့်နှင့် ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ ()ပေခွဲခန့်၊ သံလွင်မြစ်ရေသည် ဖားဆောင်း မြို့တွင် ပေဝက်ခန့်နှင့် သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ပေဝက်မှ (၁)ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ()ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ()ပေမှ (၂)ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင်  ()ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း မြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ပေဝက်မှ ()ပေခွဲခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ()ပေ ခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့် ကျောက်တော်မြို့တို့တွင် ပေဝက်မှ (၁)ပေခန့်၊ လေးမြို့ မြစ်ရေသည် မြောက်ဦးမြို့တွင် ()ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ လပတ်မြစ်ရေအ‌ခြေအနေခန့်မှန်းချက်