DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၈-၁၀-၂၀၂၄:  ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်း နေပါသည်။

 

လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၂၁ခုနှစ်၊ဧပြီလလပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

(၂၈-၃-၂၀၂၁ရက်နေ့ထုတ်ပြန်သည်)

 

      ၂၀၂၁ခုနှစ်၊ ဧပြီလအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် (၃)ပေမှ (၅)ပေခန့်နှင့်  ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်(၁)ပေမှ ()ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။

       ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁)ပေမှ ()ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပါသည်။

       မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ပေဝက်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ ()ပေခွဲခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင်ပေဝက်မှ (၁)ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင်()ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ပေဝက်မှ (၁)ပေခွဲခန့်၊ သံလွင်မြစ်ရေသည် ဖားဆောင်းမြို့နှင့်ဘားအံမြို့တို့တွင်ပေဝက်မှ ()ပေခန့်၊သောင်ရင်းမြစ်ရေသည်မြဝတီမြို့တွင်ပေဝက်ခန့်၊ ငဝန်မြစ်ရေသည်ငါးသိုင်းချောင်းမြို့၊သာပေါင်းမြို့နှင့်ပုသိမ်မြို့တို့တွင်(၁)ပေမှ ()ပေခွဲခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင်(၁)ပေခွဲခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့် ကျောက်တော်မြို့တို့တွင် ပေဝက်မှ (၁)ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ပေဝက်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ()ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။