DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၂၆-၁-၂၀၂၆:ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့်သာယာနေပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

လေဖိအားနည်းဆဲလ် အခြေအနေသတင်း အမှတ်စဉ်(၁၀/၂၀၂၅)

လေဖိအားနည်းဆဲလ် အခြေအနေသတင်း အမှတ်စဉ်(၁၀/၂၀၂၅)

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့  မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်

(၁)     ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကုန်းတွင်းဒေသများကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ရွေ့လျားခဲ့ပြီး ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းတွင် လေဖိအားနည်းဆဲလ် အဖြစ် အားလျော့သွားခဲ့ပြီး ဖြစ်ပါသည်။

(၂)      ယခုသတင်းသည် တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” (RAGASA) အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။