DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၅-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပါသည်။

လေဖိအားနည်းရပ်ဝန်းအခြေအနေ

လေဖိအားနည်းရပ်ဝန်းအခြေအနေ

(၂၀၂၂ ခုနှစ်၊ မတ် (၁၇)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

"ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းတွင်  ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ ကနဦးတွင် အရှေ့ -အရှေ့မြောက်ဘက်သို့ ရွေ့လျားပြီး၊  ကပ္ပလီပင်လယ်ပြင်နှင့် နီကိုးဘားကျွန်းအနီးတို့တွင် (၂၀.၃.၂၀၂၂)ရက်နေ့၌ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျား ပြီးနောက် (၂၁.၃.၂၀၂၂)ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ဆက်လက်အားကောင်းလာနိုင်ပြီး၊ မြောက်-အနောက်မြောက်ဘက်သို့ (၂၂.၃.၂၀၂၂)ရက်နေ့ အထိ ဆက်လက်ရွေ့လျားကာ၊ ထိုမှတစ်ဆင့် မြောက်-အရှေ့မြောက်ဘက်သို့ ပြန်ကွေ့ကာ (၂၃.၃.၂၀၂၂)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ(Bangladesh)နှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုး တန်းမြောက်ပိုင်း ကမ်းခြေအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။"