|
လျှပ်တစ်ပြက်ရေကြီးနိုင်မှုဆန်းစစ်ခြင်းအခြေအနေ |
||
|
ရက်စွဲ: ၃၁-၃-၂၀၂၆ |
ထုတ်ပြန်ချိန်: မြန်မာစံတော်ချိန် (၁၄:၃၀) နာရီ |
|
|
လျှပ်တစ်ပြက်ရေကြီးမှုအခြေအနေဖြစ်ပေါ်နိုင်သည့်တည်နေရာ: မရှိပါ၊၊ |
||
|
Imminent Flash Flood Threat (IFFT) IFFT အခြေအနေ ဖော်ပြထားသည်ကို မတွေ့ရှိ ရပါ။
|
|
|
|
Persistent Flash Flood Threat (PFFT) PFFT အခြေအနေ ဖော်ပြထားသည်ကို မတွေ့ ရှိရပါ။
|
|
|
|
06 hours Forecasted Flash Flood Threat (FFFT) နောက် (၆)နာရီအတွင်း FFFT အခြေအနေ ဖော်ပြ ထားသည်ကို မတွေ့ရှိရပါ။
|
|
|
24 hours Flash Flood Risk Outlook (FFR) နောက် ၂၄ နာရီအတွင်း FFR အခြေအနေ ဖော်ပြ ထားသည်ကို မတွေ့ရှိရပါ၊၊
|
|
|
အသုံးအနှုန်းများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ
Flash Flood ဆိုသည်မှာ (၁) ရက် (သို့) နာရီပိုင်းအတွင်း မိုးအဆမတန် သည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ငယ်ချောင်းငယ်များတွင် တစ်ရှိန်ထိုးရေတက်လာပြီး လျင်မြန်စွာရေပြန်ကျသော ရေကြီးခြင်းမျိုးကို လျှပ်တစ်ပြတ်ရေကြီးခြင်း ဟုခေါ်သည်။
Merged Mean Areal Precipitation (Merged MAP) ဆိုသည်မှာ Satellite based precipitation Estimates များဖြစ် သည့် Microwave adjusted Global Hydro Estimator (MWGHE), Global Hydro Estimator(GHE) နှင့် Gauge Mean Areal Precipitation တို့မှ တွက်ချက်ရရှိသည့် မိုးရေချိန်များ အားလုံးကိုစုပေါင်း၍ တွက်ချက်ထားခြင်းဖြစ်ပါသည်။ အဆိုပါ ပုံသည် ပြီးခဲ့သည့် ၁ နာရီ၊ ၃ နာရီ၊ ၆ နာရီနှင့် ၂၄ နာရီအချိန်မှ လက်ရှိအချိန်အထိ Sub-Basin ဧရိယာများပေါ်တွင် ရွာသွန်းသည့် စုစုပေါင်း ပျမ်းမျှ မိုးရေချိန်များကို ဖော်ပြထားခြင်းဖြစ်ပါသည်။
Flash Flood Guidance (FFG) ဆိုသည်မှာ လျှပ်တစ်ပြက်ရေကြီးမှုကို ဖြစ်စေနိုင်ပြီး Basin Outlet ကိုကျော်လွန်ရောက်ရှိ နိုင်သည့် မိုးရေချိန်ပမာဏကို ရည်းညွှန်းဖော်ပြသည့် Products ဖြစ်ပါသည်။ FFG တန်ဖိုးနည်းလေလေ လျှပ်တစ်ပြက် ရေကြီးခြင်း (Flash Flood) ဖြစ်နိုင်ချေ များလေလေဖြစ်ပါသည်။ အဆိုပါပုံသည် ၁ နာရီ၊ ၃ နာရီ၊ ၆ နာရီအတွက် တွက် ထုတ်ထားသည့်ပုံများဖြစ်ပါသည်။
Imminent Flash Flood Threat (IFFT) ဆိုသည်မှာ ကျရောက်အံ့ဆဲဆဲဖြစ်သည့် လျှပ်တစ်ပြက်ရေကြီးမှု အခြေအနေကို ဖော်ပြသော Products ဖြစ်ပါသည်။ ယင်းတန်ဖိုးသည် ပြီးခဲ့သည့် ၆ နာရီအတွင်း ရရှိခဲ့သည့် FFG တန်ဖိုးကို အခြေခံ တွက်ချက်ပါသည်။ အဆိုပါပုံသည် ၁ နာရီ၊ ၃ နာရီ၊ ၆ နာရီအတွက် တွက်ထုတ်ထားသည့် ပုံများဖြစ်ပါသည်။
Persistence Flash Flood Threat Product (PFFT) ဆိုသည်မှာ လျှပ်တစ်ပြက်ရေကြီးခြင်း လက်ရှိတည်ရှိနိုင်မှု အခြေ အနေကို ဖော်ပြသော Products ဖြစ်ပါသည်။ ယင်းတန်ဖိုးသည် လက်ရှိအချိန်၏ FFG တန်ဖိုးကို အခြေခံတွက်ချက် ပါသည်။ အဆိုပါပုံသည် ၁ နာရီ၊ ၃ နာရီ၊ ၆ နာရီအတွက် တွက်ထုတ်ထားသည့် ပုံများဖြစ်ပါသည်။
Forecast Flash Flood Threat (FFFT) ဆိုသည်မှာ လျှပ်တစ်ပြက်ရေကြီးခြင်း ဖြစ်ပေါ်နိုင်မှုအခြေအနေကို ခန့်မှန်းဖော်ပြ သော Products ဖြစ်ပါသည်။ ယင်းတန်ဖိုးသည် လက်ရှိအချိန်၏ FFG တန်ဖိုးနှင့် Forecast Mean Areal Rainfall by NWP Models တို့ကို ခြားနားခြင်းတို့မှ ရရှိလာသော တန်ဖိုးဖြစ်ပါသည်။ အဆိုပါပုံသည် ၁ နာရီ၊ ၃ နာရီ၊ ၆ နာရီအတွက် တွက်ထုတ်ထားသည့် ပုံများဖြစ်ပါသည်။
Flash Flood Risk (FFR) ဆိုသည်မှာ လျှပ်တစ်ပြက်ရေကြီးခြင်း ဖြစ်ပေါ်နိုင်မှုအခြေအနေကို ခန့်မှန်းဖော်ပြသည့် ခန့်မှန်းချက် အသက်ဝင်သော ကာလအပိုင်းအခြားအတွက် Relative Frequencies of positive flash flood threat ကို ဖော်ပြသော Products ဖြစ်ပါသည်။ ၎င်းသည် လျှပ်တစ်ပြက်ရေကြီးခြင်းဖြစ်ပွားမှုကို ခန့်မှန်းချက်ထုတ်ပြန်နိုင်သည့် ကာလအတိုင်းအတာတစ်ခု (Outlook) အဖြစ် ယူဆနိုင်ပါသည်။ အဆိုပါပုံသည် ၁၂ နာရီ၊ ၂၄ နာရီ၊ ၃၆ နာရီအတွက် တွက်ထုတ်ထားသည့် ပုံများဖြစ်ပါသည်။
|

