DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၃-၁၀-၂၀၂၅:  ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင်  တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး  ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် တိမ်အတင့်အသင့် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။

 

အကြိမ်(၃၀)မြောက် မုတ်သုံဖိုရမ် (၂၈.၄.၂၀၂၃)

အကြိမ် (၃၀)မြောက် မုတ်သုံဖိုရမ်

 

     ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား

မှုဦးစီးဌာနမှ  အကြိမ်(၃၀)မြောက်  မုတ်သုံဖိုရမ်ဆွေးနွေးပွဲ   ဖွင့်ပွဲအခမ်းအနားကို

၂၀၂၃ ခုနှစ်၊  ဧပြီလ (၂၈)ရက်နေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊

ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနား

တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား

မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အဖွင့်အမှာစကား ပြော

ကြားခဲ့ပါသည်။

     အဆိုပါအခမ်းအနားသို့  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ  ကိုယ်စား

လှယ်များ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှကိုယ်စားလှယ်များနှင့် ဌာန

ဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၃၁)ဦးခန့် တက်ရောက်ခဲ့ပါ

သည်။

   ယနေ့ကျင်းပပြုလုပ်သည့်  အကြိမ်(၃၀)မြောက်   မုတ်သုံဖိုရမ်တွင် ၂၀၂၂-၂၀၂၃

ခုနှစ်၊ ဆောင်းရာသီကာလအတွက် ထုတ်ပြန်ပေးခဲ့သည့် မိုးလေဝသနှင့်ဇလဗေဒ

ဆိုင်ရာယေဘုယျခန့်မှန်းချက်များအားသုံးသပ်တင်ပြခြင်း၊   အဆိုပါကာလအတွက်

စိုက်ပျိုးရေးမိုးလေဝသအခြေအနေများကို သုံးသပ်တင်ပြခြင်း၊ လာမည့် ၂၀၂၃ ခုနှစ်၊

မိုးရာသီကာလ(အနောက်တောင်မုတ်သုံရာသီကာလ)အတွက် မိုးလေဝသနှင့်ဇလ

ဗေဒဆိုင်ရာယေဘုယျခန့်မှန်းချက်များအား တင်ပြဆွေးနွေးခြင်းနှင့် အယ်လ်နီညို

ရာသီဥတုအခြေအနေအား သုံးသပ်တင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာ

သောဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်းရာသီကာလအတွင်း တွေ့ကြုံ

ခဲ့သော အခြေအနေများကို တင်ပြခြင်း၊ ၂၀၂၃ခုနှစ်၊ မိုးရာသီကာလအတွက် ကဏ္ဍ

အလိုက် ကြိုတင်ပြင်ဆင်မှုအခြေအနေများအား တင်ပြဆွေးနွေးခြင်း၊ လိုအပ်ချက်

များနှင့် အကြံပြုချက်များကို ဆွေးနွေးခြင်းစသည်တို့ကို ဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးပိတ်ပွဲအခမ်းအနားတွင်     မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး

ဌာနမှညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက နိဂုံးချုပ်အမှာစကား ပြောကြား

ခဲ့ပါသည်။

   အဆိုပါ မုတ်သုံဖိုရမ်ကို ၂၀၀၇ခုနှစ်မှစတင်၍ တစ်နှစ်လျှင် (၂)ကြိမ်ပုံမှန်ကျင်းပ

လာခဲ့ရာ ယခုအစည်းအဝေးသည် အကြိမ်(၃၀)မြောက်ဖြစ်ပါသည်။