DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၈-၆-၂၀၂၄: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။

အချိန်အခါမဟုတ် မိုးရွာမည့်သတိပေးချက်

အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက်

(၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

အမှတ်စဉ် (၁၁/၂၀၁၇)

(က) ယနေ့မြန်မာစံတော်ချိန်(၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တရုတ်ပြည်မကြီးမှ

ရွေ့လျားလာသော လေအေးများနှင့် ဘင်္ဂလားပင်လယ်အော်ဘက်မှ ရွေ့လျားလာသော လေနွေး

များစုဆုံမှုကြောင့်  လေထုမငြိမ်သက်မှုဖြစ်ကာ (၃၁.၁၂.၂၀၁၇)ရက်နေ့မှ (၄.၁.၂၀၁၈) ရက်နေ့

အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း

ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာ

ကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။

(ခ)    သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်း၊ မိုးထစ်ချုန်းခြင်းနှင့်

အတူ လေပြင်းတိုတ်ခတ်ခြင်းများအား ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။