DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၃-၃-၂၀၂၆ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေ ပါသည်။

အပူပိုင်းမုန်တိုင်း ဖန်ရှန် အခြေအနေသတင်း အမှတ်စဉ် (၀၇/၂၀၂၅)

အပူပိုင်းမုန်တိုင်း ဖန်ရှန် အခြေအနေသတင်း အမှတ်စဉ် (၀၇/၂၀၂၅)

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့  မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်

(­­­က)    အပူပိုင်းမုန်တိုင်း “ဖန်ရှန်” (FENGSHEN) အခြေအနေ

ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့ညက တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသောအပူပိုင်းမုန်တိုင်း “ဖန်ရှန်” (FENGSHEN) သည် အနောက်-အနောက်တောင်ဘက်သို့  ရွေ့လျားခဲ့ပြီး အပူပိုင်းမုန်တိုင်း “ဖန်ရှန်” အဖြစ်သို့ အားလျော့သွားခဲ့ကာ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ (Da Nang) ၏ အရှေ့မြောက်ဘက် ရေမိုင် ၄၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။

(ခ)       အပူပိုင်းမုန်တိုင်း “ဖန်ရှန်”တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ အပူပိုင်းမုန်တိုင်း “ဖန်ရှန်” သည် မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၁၆.၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၀၈.၇ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၁၀၀၂ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ နှုန်းခန့် ဖြစ်ပါသည်။

  (ဂ)    နောက် ၃၆ နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အပူပိုင်းမုန်တိုင်း“ဖန်ရှန်”သည် အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေဒေသများကို ဒါနန်းမြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ ထိုမှတစ်ဆင့် နောက် ၂၄ နာရီအတွင်း ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းဒေသများမှတစ်ဆင့် လာအိုနိုင်ငံကို ကုန်းတွင်းမုန်တိုင်းငယ် အဖြစ်ဖြင့် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။