DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၄-၂-၂၀၂၆: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေ ပါသည်။

အပူပိုင်းမုန်တိုင်း “ရာဂါဆာ” အခြေအနေသတင်း အမှတ်စဉ်(၀၈/၂၀၂၅)

အပူပိုင်းမုန်တိုင်း “ရာဂါဆာ” အခြေအနေသတင်း အမှတ်စဉ်(၀၈/၂၀၂၅)

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့  မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီး ပြည်နယ်တောင်ပိုင်းဒေသများကို ဖြတ်ကျော်လျက်ရှိသော အားကောင်းသောအပူပိုင်းမုန်တိုင်း “ရာဂါဆာ” (RAGASA) သည် အနောက်ဘက်သို့ရွေ့လျားခဲ့ပြီး အပူပိုင်းမုန်တိုင်း “ရာဂါဆာ” အဖြစ် အားလျော့သွား ခဲ့ကာ ကွမ်ရှီးပြည်နယ်ကို ဆက်လက်ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း “ရာဂါဆာ” သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း အပူပိုင်းမုန်တိုင်းငယ် အဖြစ်ဖြင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။