DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၈-၄-၂၀၂၄  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

အားကောင်းသောကုန်းတွင်းမုန်တိုင်းငယ်(Deep Depression)သတင်း အမှတ်စဉ်(၁၁/၂၀၂၁)

အားကောင်းသောကုန်းတွင်းမုန်တိုင်းငယ်(Deep Depression)သတင်း အမှတ်စဉ်(၁၁/၂၀၂၁)

 (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 (က)    အားကောင်းသောကုန်းတွင်းမုန်တိုင်းငယ်(Deep Depression)အခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေနှင့် ဩရိဿတောင်ပိုင်းကမ်းခြေတို့ကို ကာလင်ဂါပတ္တနမ်(Kalingapatnam)မြို့နှင့် ဂိုလ်ပါပူ(Gopalpur)မြို့တို့အကြားမှ ဖြတ်ကျော်ဝင် ရောက်လျက်ရှိသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ဂူးလက်ပ်(GULAB)” သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားကောင်းသောကုန်းတွင်းမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ အားလျော့သွားခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ အားကောင်းသောကုန်းတွင်း မုန်တိုင်းငယ်(Deep Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ၊ နောက်(၆)နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ်(Depression)အဖြစ်သို့ အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။

(ခ)     ယခုသတင်းသည် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)  “ဂူးလက်ပ် (GULAB)” အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။