DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၂၉-၁-၂၀၂၆:ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေ ပါသည်။

အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၁၄/၂၀၂၂)

အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၁၄/၂၀၂၂)

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ၁၀ရက်နေ့မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

 

(­­­က)    အားကောင်းသောမုန်တိုင်းငယ် အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တိုင်းထွာချက်များအရအိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောအင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေကိုပူဒူချယ်ရီမြို့(Puducherry)နှင့် စရီဟာရီခိုတမြို့(Sriharikota)တို့အကြားမဟဘာလီပူရမ်မြို့(Mahabalipuram)အနီးမှဖြတ်ကျော်ဝင်ရောက်ခဲ့သောဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “မန်းဒပ်(စ်) (MANDOUS)”သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ အားလျော့သွားခဲ့ကာ၊ နောက်(၆)နာရီအတွင်းကုန်းတွင်းမုန်တိုင်းငယ်(Land Depression)အဖြစ်သို့ တဖြည်းဖြည်းအားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။

(၂)        ယခုသတင်းသည် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “မန်းဒပ်(စ်) (MANDOUS)”အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။