DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၄-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄/၂၀၁၉)

အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄/၂၀၁၉)

(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၇)ရက်နေ့မြန်မာစံတော်ချိန်(၁၀:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

          (က)    အားကောင်းသော မုန်တိုင်းငယ်အခြေအနေ

          (၁)     ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်

(Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာ

ကာ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါ

သည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression)သည် အိန္ဒိယ

နိုင်ငံ၊ ဒီဂါမြို့ (Digha)၏ တောင်-အနောက်တောင်ဘက် မိုင်(၄၀)ခန့်နှင့်ဘလာ

ဆောမြို့ (Blasore)၏ အရှေ့တောင် ဘက် မိုင်(၄၀)ခန့်အကွာ ပင်လယ်ပြင်ကို

ဗဟိုပြုနေပြီး အနောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်

ဟု ခန့်မှန်းရပါသည်။

         (၂)  အားကောင်းသော မုန်တိုင်းငယ် (Deep Depression)၏ လက်ရှိအခြေ

အနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိသေးသဖြင့်အဝါ

ရောင်အဆင့်ဟုသတ်မှတ်ပါသည်။

          (ခ)     အားကောင်းသော မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့်လေတိုက်နှုန်း

                   (၁)    အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression)

သည် မြန်မာစံတော်ချိန် (၀၉:၃၀)နာရီ အချိန်တွင် မြောက်လတ္တီကျု(၂၁.၀)ဒီဂရီနှင့်

အရှေ့လောင်ဂျီကျု (၈၇.၄)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၄)ဟက်တိုပါ

စကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းဖြစ်ပါသည်။

 

          (ဂ)     နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

                (၁)     အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)

သည် နောက် (၁၂)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေမြောက်ပိုင်းကို

ဘလာဆောမြို့ (Blasore)အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။

          (ဃ)    သတိပေးနှိုးဆော်ချက်       

                    (၁)   အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏ အရှိန်

ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင်နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသ

ကြီးတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့

အပြား မိုးထစ်ချုန်း ရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ

တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသ

အလိုက်နှင့် နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင်

နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါ

သည်။

        (၂)   မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင

မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီး

မည်။ မိုးသက်လေပြင်းကျဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)

မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုး တန်းတစ်

လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၅)ပေခန့်ရှိနိုင်ပါသည်။

အကြံပြုချက်

၂။       အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression)၏ အရှိန်

ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လျှပ်တစ်

ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင်

နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြစ်ငယ်၊ ချောင်း

ငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်

သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်း

ရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊

ကမ်းဝေးငါးဖမ်း ရေယာဉ် များ၊သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်

ပါရန် အကြံပြုအပ်ပါသည်။