အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၀/၂၀၂၂)
(၂၀၂၂ ခုနှစ်၊ မတ်လ (၅)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၆၇၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း(Hainggyigyun) မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၇၇၀)မိုင်ခန့်၊ သီရိလင်္ကာ နိုင်ငံ၊ ထရီကိုမာလီ(Trincomale)မြို့၏ အရှေ့မြောက်ဘက် ရေမိုင်(၁၄၀) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နာဂါပတ္တနမ်(Nagapattinam)မြို့၏ အရှေ့-အရှေ့ တောင်ဘက် ရေမိုင်(၁၆၀)မိုင်ခန့်၊ ပူဒူချယ်ရီ(Puducherry)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၁၈၀)မိုင်ခန့်နှင့် ချင်းနိုင်(Chennai)မြို့၏ အရှေ့ တောင်ဘက် ရေမိုင်(၂၀၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏ လက်ရှိ အခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါ ရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၀.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၂.၅) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် ကနဦးတွင် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီးနောက်၊ နောက်(၄၈)နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ပြန်ကွေ့ကာ၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး(Tamil Nadu)မြောက်ပိုင်းကမ်းခြေသို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။


