DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၀-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၇/၂၀၂၀)

အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၇/၂၀၂၀)

 (၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ  ၄  ရက်)        

   (မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

(က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ

            ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ  မန်နာပင်လယ် ကွေ့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression) သည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ တမီးလ်နာဒူး (Tamil Nadu)ကမ်းခြေတောင်ပိုင်းကို ရမ်မန်သာပူရမ် (Ramanathapuram) ခရိုင်အနီးမှ ဖြတ်ကျော်ဝင်ရောက်လျက်ရှိပါသည်။         

(ခ) နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် အနောက်- အနောက်တောင်ဘက်သို့ ဆက်လက်ရေွ့လျားကာ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ် အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။