DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့ တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ

        (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ  ၃၀ ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

"ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်း သောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် (၂၄)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ (၃.၁၂.၂၀၂၃) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့လည်းကောင်း တဖြည်းဖြည်းအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။"