DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

(14.1.2026) ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

အားကောင်းသောအပူပိုင်းမုန်တိုင်း ဖန်ရှန် အခြေအနေသတင်း အမှတ်စဉ် (၀၆/၂၀၂၅)

အားကောင်းသောအပူပိုင်းမုန်တိုင်း ဖန်ရှန် အခြေအနေသတင်း အမှတ်စဉ် (၀၆/၂၀၂၅)

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့  မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်

(­­­က)    အားကောင်းသောအပူပိုင်းမုန်တိုင်း “ဖန်ရှန်” (FENGSHEN) အခြေအနေ

ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း “ဖန်ရှန်” (FENGSHEN) သည် အနောက်-အနောက်တောင်ဘက်သို့  ရွေ့လျားခဲ့ပြီး ဗီယက်နမ် နိုင်ငံ၊ ဒါနန်းမြို့ (Da Nang) ၏ အရှေ့မြောက်ဘက် ရေမိုင် ၁၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(ခ)       အားကောင်းသောအပူပိုင်းမုန်တိုင်း “ဖန်ရှန်”တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ အားကောင်းသောအပူပိုင်းမုန်တိုင်း “ဖန်ရှန်” သည် မြန်မာစံတော်ချိန် ၁၅:၃၀ နာရီ အချိန်တွင် မြောက်လတ္တီကျု ၁၇.၁ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၁၀.၁ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၆၀ နှုန်းခန့် ဖြစ်ပါသည်။

  (ဂ)    နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားကောင်းသောအပူပိုင်းမုန်တိုင်း“ဖန်ရှန်”သည် အနောက်-အနောက်တောင် ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေ ဒေသများကို ဒါနန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ ထိုမှတစ်ဆင့် ၂၄-၁၀-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းဒေသများမှတစ်ဆင့် လာအိုနိုင်ငံကို အပူပိုင်းမုန်တိုင်းအဖြစ်ဖြင့် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။