DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၁-၂-၂၀၂၆: ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

အားကောင်းသောအပူပိုင်းမုန်တိုင်း မတ်မို အခြေအနေသတင်း အမှတ်စဉ် (၀၁/၂၀၂၅)

အားကောင်းသောအပူပိုင်းမုန်တိုင်း မတ်မို အခြေအနေသတင်း အမှတ်စဉ် (၀၁/၂၀၂၅)

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း “မတ်မို” (MATMO) သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားလျက်ရှိပြီး နောက် ၆ နာရီအတွင်း တိုင်ဖွန်းမုန်တိုင်း “မတ်မို” အဖြစ် ပိုမို အားကောင်းလာနိုင်ပါသည်။ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး ၅-၁၀-၂၀၂၅ ရက်နေ့တွင် တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုံပြည်နယ်ကမ်းခြေဒေသများကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။