DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၈/၂၀၂၀)

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၈/၂၀၂၀)

 (၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ  ၂၅  ရက်)        

              (မြန်မာစံတော်ချိန်(၀၄:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

         

 

(က) အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) အခြေအနေ

(၁)       ယနေ့မြန်မာစံတော်ချိန် (၀၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ

ဘင်္ဂလားပင် လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း

မုန်တိုင်း  (Cyclonic Storm) "နီဗာ"(NIVAR)သည် အနောက်ဘက်သို့ ရွေ့လျား

ခဲ့ပြီး၊ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း  (Severe Cyclonic Storm)

"နီဗာ"(NIVAR)အဖြစ်သို့ ရောက် ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ကဒ်ဒါလိုလီ (Cuddalore)

မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၁၇၀)မိုင်ခန့်၊ ပူဒူချယ်ရီ (Puducherry)မြို့

၏ အရှေ့တောင်ဘက် ရေမိုင် (၁၇၅)မိုင်ခန့်နှင့် ချင်းနိုင် (Chenn‌ai)မြို့၏ တောင်-

အရှေ့တောင်ဘက် ရေမိုင် (၂၀၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။                       

(၂)       အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) "နီဗာ"

(NIVAR) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေ

အနေ မရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။           

(ခ)  အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)၏ တည်နေရာ၊

ဗဟိုချက်  လေဖိအားနှင့် လေတိုက်နှုန်း

                          အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)

"နီဗာ" (NIVAR)သည် မြန်မာစံတော်ချိန် (၀၃:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၀.၁)

ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၂.၁)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၂) ဟက်တိုပါစကယ်နှင့်

အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၅၅)မိုင်နှုန်းဖြစ်ပါ သည်။

(ဂ) နောက်(၁၈)နာရီအတွင်းခန့်မှန်းချက်

                        အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)

"နီဗာ" (NIVAR)သည် နောက် (၁၂)နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း

( Very Severe Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အနောက်-အနောက် မြောက်ဘက်

သို့ ရွေ့လျားကာ၊ ယနေ့ညပိုင်းတွင် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး (Tamil Nadu)ကမ်းခြေနှင့် ပူဒူ

ချယ်ရီ (Puducherry)ကမ်းခြေအနီးမှ ဖြတ်ကျော်ဝင်ရောက် နိုင်သည်ဟု ခန့်မှန်းရပါသည်။