DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၄-၂-၂၀၂၆: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေ ပါသည်။

အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၁၀/၂၀၂၀)

အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၁၀/၂၀၂၀)

 (၂၀၂၀ ပြည့်နှစ်၊ မေ  ၁၇  ရက်)        

 (မြန်မာစံတော်ချိန်(၂၂:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

============================================         

 

 

အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း( Very Severe

Cyclonic Storm)အခြေအနေ

 

၁။       (က)    ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန်

တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်တောင်ပိုင်း

တွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်

းမုန်တိုင်း (Very Severe Cyclonic Storm) အမ်ဖန် (AMPHAN)

သည် မြောက်ဘက်သို့ ရွေ့လျား ခဲ့ပြီး ဆက်လက်တည်ရှိနေပါ

သည်။ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း

(Very Severe Cyclonic Storm) အမ်ဖန် (AMPHAN) သည်

အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha) ၏

တောင်ဘက် ရေမိုင် (၄၇၀)မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်

-အနောက်တောင်ဘက် ရေမိုင် (၅၅၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်

နိုင်ငံ၊ ကမ်ပူပါရာမြို့ (Khepupara)၏ တောင်-အနောက်

တောင်ဘက် ရေမိုင် (၆၁၅) မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း

မြို့(Coco Island)၏ အနောက်-အနောက်တောင် ဘက် ရေမိုင်

(၄၄၀)မိုင်ခန့်နှင့် ပုသိမ်မြို့ (Pathein) ၏ အနောက်တောင်ဘက်

ရေမိုင် (၅၇၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 (ခ)       အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very

Severe Cyclonic Storm)  အမ်ဖန် (AMPHAN) ၏ လက်ရှိအခြေ

အနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျား မည့် အခြေအနေ

မရှိ သေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း( Very

Severe Cyclonic Storm)အမ်ဖန် (AMPHAN) ၏ တည်နေရာ၊

ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

၂။       အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း

(Very Severe Cyclonic Storm) အမ်ဖန် (AMPHAN) သည်

မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု

(၁၂.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟို

ချက်လေဖိအား (၉၇၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်

နှုန်းမှာ တစ်နာရီလျှင် (၈၅)မိုင်နှုန်း ဖြစ်ပါသည်။

နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

၃။      အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း

(Very Severe Cyclonic Storm)  အမ်ဖန် (AMPHAN) သည်

နောက်(၂၄)နာရီအတွင်း အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်း

မုန်တိုင်း (Extremely Severe Cyclonic Storm) အမ်ဖန် (AMPHAN)

အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ကွေ့ကာ ရွေ့

လျားမည်ဟု ခန့်မှန်းရပါသည်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်  

 ၄။     အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe

Cyclonic Storm) အမ်ဖန် (AMPHAN) ၏ အရှိန်ကြောင့် (၁၇.၅.၂၀၂၀)မှ

(၂၁.၅.၂၀၂၀)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး

တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေ

သကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊

ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်

နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာ

နိုင်ပါသည်။

မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက်  

၅။      မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်

လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီး

မည်။ မိုးသက်လေပြင်းကျဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်

မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်

ကမ်းရိုးတန်း တစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)

ပေခန့်ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်​လျှောက်

နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျ

ရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျ

ဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်

ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်​လျှောက်

နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့်ရှိနိင်ပါသည်။

အသိပေးနှိုးဆော်ချက်  

၆။      အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe

Cyclonic Storm) အမ်ဖန် (AMPHAN) ၏ အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့်

မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည့် အခြေအနေများကို မြန်မာ့

ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး

သွားလာနေကြသော ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့် လည်းကောင်း၊

ဆိုးရွားသည့် မိုးလေဝသ အခြေအနေများကို ပြည်တွင်းလေကြောင်းပျံသန်းရေး

အနေဖြင့် လည်းကောင်း  ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။